ရည်ဦးသူသို့ -၂

Posted by Htet Yee Thitsar | Posted in | Posted on 12:07 PM

3

ညီမလေးရေ...
နင့်ကိုငါလွမ်းတယ်...
မဆုံဖြစ်ကြတော့တဲ့ဘဝနေ့ရက်တွေအတွက်
ဆုံဖြစ်ခဲ့ကြဖူးတဲ့အတိတ်
ဟောင်းနွမ်းခြင်းမရှိသေးတဲ့ချစ်ခြင်းနဲ့အတူ
နင့်ကို ငါလွမ်းနေတယ်...
နီးခြင်းဝေးခြင်း.. သေချာမသိတဲ့
ကာလပြေးလမ်းပေါ်မှာ ငါတို့ခရီးသွားကြတယ်...
ဘဝဟာ
မျဉ်းပြိုင်ပြေးလမ်းပေါ်ကရထားတစ်စင်းဆိုရင်
နှင်းဆီခင်းတို့ရဲ့အလယ်က တောင်ပေါ်စခန်းတစ်ခုမှာ
ငါတို့ဆိုက်ကပ်ချင်ခဲ့ကြဖူးတယ်...
ဒါပေမယ့်...
အဲဒီခရီးမှာ အဲဒီဘူတာရုံက
ခရီးဆုံးဆိုတာဘယ်သူ့အတွက်လို့သေချာမသိဘူး...
ငါတို့ ရိုးသားစွာဆိုက်ကပ်ချင်ခဲ့ကြတာပါ...
နင်က ငါ့ကိုချန်ရစ်ထားခဲ့တာလား...
ငါကနင့်ကို ချစ်ရန် ထားခဲ့တာလား...
သေချာငါကိုယ်တိုင်မသိပါဘဲလျက်က
သေချာခြင်းတစ်ခုအနေနဲ့ တို့တတွေဝေးခဲ့ပြီ...
26-Jan-2010(Tuesday) At YUFL

ရွှေတိဂုံစေတီတော်

Posted by Htet Yee Thitsar | Posted in , | Posted on 6:49 PM

1

ရွှေတိဂုံစေတီတော်ကြီးကို ခဏခဏ ရောက်ဖြစ်ပေမယ့် တစ်နေ့ကမှ သန့်ရှင်းရေး တော်တော်ကောင်းတာကို သေချာ သတိထားမိတယ်... ကုသိုလ်ယူကြတဲ့ တံမြက်လှည်းအသင်းတွေနဲ့စီစဉ်ကြသူတွေကို ကျေးဇူးတင် မိတယ်... ကမ္ဘာအေး၊ ကျောက်တော်ကြီးဘုရားတို့မှာ အဲဒီလို သန့်ရှင်းရေးအစီအစဉ် မကောင်းဘူး...

ရွှေတိဂုံစေတီတော်ဘက်စုံမွမ်းမံရေးဆိုပြီးလုပ်နေကြပေမယ့် အထင်ကရ နေရာနဲ့ စေတီတွေဘေးမှာ Caption အပြည့်အစုံထိုးတာ မတွေ့ရဘူး... ဥပမာ. စဥ့်ကူးမင်းခေါင်းလောင်းတော်ဆိုပါစို့.. ဘယ်တုံးက ဘယ်လို၊ ဘာ့ကြောင့်... ဒီခေါင်းလောင်းမှာထိုးထားတဲ့ခေါင်းလောင်းစာပါ အကြောင်းအရာတွေ၊ သမိုင်းအကျဉ်းစတာတွေကို ဖော်ပြထားတာ မတွေ့ရဘူး... အဲဒီလိုလုပ်နိုင်ရင်ပိုပြီးကောင်းမယ်ထင်တယ်...

အဝင်မှာ ဒါမှမဟုတ် ပြတိုက်ထဲမှာ ရွှေတိဂုံစေတီတော်သမိုင်းကို Video display လုပ်ပြထားစေချင်တယ်.... ရွှေတိဂုံစေတီတော်ကြီးသမိုင်းက မြန်မာနိုင်ငံကို ဗုဒ္ဓဘာသာရောက်ရှိမှုသမိုင်းနဲ့လည်း ဆက်စပ်နေတာပဲ.... အဲဒါကို ပြထားတဲ့နေရာတစ်ခုရှိရင်ကောင်းမယ်.... ရွှေတိဂုံစေတီတော်ပြတိုက်နဲ့ပိဋကတ်တိုက်ကလည်း စတိုခန်းလိုဖြစ်နေတာ... ပြင်သင့်တယ်..

နောက်တစ်ခုက စေတီတော်အဝင်မှာ ရှေးဟောင်းသုတေသနဌာနနဲ့ ဂေါပကတို့ပေါင်းပြီး နိုင်ငံခြားသား ဧည့်သည်ကို ဝင်ကြေးကောက်တာတော့ရှိတယ်... Guide map Poster display မရှိဘူးဖြစ်နေတယ်... လက်ကမ်းစာစောင်ပေးတာတော့ ရှိပါလိမ့်မယ်...

ဘယ်နေရာတွေကတော့ စေတီတော်ရဲ့ အံ့သြဖွယ်တွေပါလို့ အများက လက်ခံထားကြတယ်.. ရွှေတိဂုံ စေတီတော် ကြီးကိုးကြီးဆိုတာ ဘယ်နေရာတွေပါ... ထုံးတမ်းစဉ်လာအရ ဘယ်နေရာတွေကိုတော့ ဗုဒ္ဓဘာသာဝင် မြန်မာတွေ သွားလေ့ရှိပါတယ်... ဘယ်နေရာတွေကတော့ Historical places ပါဆိုတာ ဆိုင်းဘုတ်ထောင်ပြထားတာ မရှိသေးဘူး...

Tourists အများစုက Guide ပါလာပေမယ့် တချို့ကျတော့ Guide မပါဘဲလာတတ်ကြတယ်... သိပြီးလို့ လာသူရှိပေမယ့်.. အဲလို လမ်းညွှန်ဆိုင်းဘုတ် ရှိနေရင် ပိုကောင်းမယ်လို့ထင်တယ်...

လမ်းညွှန်ဆိုင်းဘုတ်ဆိုပေမယ့်လည်းနိုင်ငံခြားသားကိုတော့ဘောင်းဘီတို၊စကတ်တိုနဲ့မဝင်ပါနဲ့လို့တားထား ဆိုထားပေမယ့်.. တိုင်းရင်းနေ ရွှေမြန်မာများက ဘောင်းဘီတို၊စကတ်တိုနဲ့ ဝတ်စားဆင်ယင်ပြီး ဘုရားလည် လာကြတယ်...

ဂေါပကတွေ အသံချဲ့စက်နဲ့ အော်နေတယ်ဆိုငြား..ဘုရားလုံခြုံရေးတွေပြောတယ်ဆိုငြား... အကြောင်းတရား အမျိုးမျိုးနဲ့ တလျားလျား သွားလာနေကြဆဲပါပဲ... ဒါလေးတချို့ကို ဝိုင်းပြီးပြင်သင့်တယ်လို့ထင်ပါတယ်...

ရင်ခတ်ပန်းတွေပွင့်ခဲ့တဲ့နွေဦးနှင်းဆီ

Posted by Htet Yee Thitsar | Posted in | Posted on 4:34 PM

1

ရည်မွန်ရေ
နင်နဲ့ငါ ဝေးသွားပြီထင်ရတဲ့ခြေလှမ်းတွေကိုလှမ်းခဲ့ကြပေမယ့်
ခရီးရဲ့အဆုံးမှာ ငါသာ ချစ်ခြင်းတွေနဲ့ကြိုတင်ရောက်နှင့်နေခဲ့ပေါ့.....
စိတ်ရောကိုယ်ပါ နှစ်ပြီးခြေလှမ်းတွေလှမ်းခဲ့ပေမယ့်
နင်ငါ့ကို စိတ်ချလက်ချသွားနိုင်ခဲ့ပေမယ့်...
ငါကတော့နင့်ကိုစိတ်မချသေးဘူးညီမလေးရယ်..
ဒီခရီးဒီလမ်းငါတို့လည်းတစ်နေ့သွားရမှာမှန်ပေမယ့်...
နင့်ကို ငါတို့ စိတ်မချခဲ့ပါဘူး....
ဒီလိုနဲ့ပဲငါ မသွားဖြစ်ဘဲဝယ်ခဲ့တဲ့လတ်မှတ်တွေ...
မအိပ်ဘဲနဲ့မက်ခဲ့တဲ့အိပ်မက်တွေ...
မဆိုဘဲနဲ့သီဖြစ်ခဲ့တဲ့တေးသံတွေ...
ငါ့ရင်မှာများသထက်များလာတယ်..
ရင်ခတ်ပန်းတွေပွင့်တဲ့ရာသီမှာ
ငါ့ရင်ကိုအလွမ်းတွေထုတ်ချင်းခတ်သွားတယ်...
ငါသေချာမသိသေးပေမယ့်
အမုန်းလား...
မသေချာပြန်ပါဘူး....
ဒါပေမယ့်...သေချာတာတစ်ခုကတော့
ငါ့ရင်မှာ ဖွဲ့တည်ဆဲ....
လိုင်ရာရဲ့သီချင်းနဲ့ကတဲ့ဂျူနို
အဖရိုဒိုက်ရဲ့လက်ထဲကနှင်းဆီတစ်ပွင့်နဲ့
ကိုယ်တော်မြတ်ဝိုင်အရည်တစ်ခွက်...
နင့်ကိုလွမ်းတဲ့အချိန်တွေတစ်ရက်ကို တစ်ချက်နဲ့မှတ်ထားတဲ့
မှတ်တမ်းတစ်ထပ်နဲ့ငါပေါ့...
ငါ့ရင်ထဲက ကောင်းကင်မှာကြယ်စင်တွေနေ့တိုင်းကြွေတယ်...

ရည်မွန်ရေ

Posted by Htet Yee Thitsar | Posted in | Posted on 12:56 AM

2

နင်နဲ့ငါ ဝေးသွားပြီထင်ရတဲ့ခြေလှမ်းတွေကိုလှမ်းခဲ့ကြပေမယ့်
ခရီးရဲ့အဆုံးမှာ ငါသာ ချစ်ခြင်းတွေနဲ့ကြိုတင်ရောက်နှင့်နေခဲ့ပေါ့.....
စိတ်ရောကိုယ်ပါ နှစ်ပြီးခြေလှမ်းတွေလှမ်းခဲ့ပေမယ့်
နင်ငါ့ကို စိတ်ချလက်ချသွားနိုင်ခဲ့ပေမယ့်...
ငါကတော့နင့်ကိုစိတ်မချသေးဘူးညီမလေးရယ်..
ဒီခရီးဒီလမ်းငါတို့လည်းတစ်နေ့သွားရမှာမှန်ပေမယ့်...
နင့်ကို ငါတို့ စိတ်မချခဲ့ပါဘူး....
ဒီလိုနဲ့ပဲငါ မသွားဖြစ်ဘဲဝယ်ခဲ့တဲ့လတ်မှတ်တွေ...
မအိပ်ဘဲနဲ့မက်ခဲ့တဲ့အိပ်မက်တွေ...
မဆိုဘဲနဲ့သီဖြစ်ခဲ့တဲ့တေးသံတွေ...
ငါ့ရင်မှာများသထက်များလာတယ်..
ရင်ခတ်ပန်းတွေပွင့်တဲ့ရာသီမှာ
ငါ့ရင်ကိုအလွမ်းတွေထုတ်ချင်းခတ်သွားတယ်...
ငါသေချာမသိသေးပေမယ့်
အမုန်းလား...
မသေချာပြန်ပါဘူး....
ဒါပေမယ့်...သေချာတာတစ်ခုကတော့
ငါ့ရင်မှာ ဖွဲ့တည်ဆဲ....
လိုင်ရာရဲ့သီချင်းနဲ့ကတဲ့ဂျူနို
အဖရိုဒိုက်ရဲ့လက်ထဲကနှင်းဆီတစ်ပွင့်နဲ့
ကိုယ်တော်မြတ်ဝိုင်အရည်တစ်ခွက်...
နင့်ကိုလွမ်းတဲ့အချိန်တွေတစ်ရက်ကို တစ်ချက်နဲ့မှတ်ထားတဲ့
မှတ်တမ်းတစ်ထပ်နဲ့ငါပေါ့...
ငါ့ရင်ထဲက ကောင်းကင်မှာကြယ်စင်တွေနေ့တိုင်းကြွေတယ်...

ရည်ဦးသူသို့

Posted by Htet Yee Thitsar | Posted in | Posted on 5:04 PM

2

ကြယ်တွေကြွေရင်လေ
နင်နဲ့ငါပြောခဲ့ဖူးတဲ့စကားတွေကို ငါအမှတ်ယတယ်...
ခရေပန်းတွေသဲသဲလှုပ်အောင်ပွင့်တဲ့ကာလပေါ့
ကျောင်းဘေးက အုတ်ခုံလေးပေါ်မှာထိုင်ရင်း..နင်နဲ့ငါစကားပြောဖြစ်ခဲ့ကြတယ်...
ကျောင်းတွေကိုဘယ်လိုဖွင့်မယ်...
ငါတို့ထိုင်ရင်းအတူ အိပ်မက်တွေမက်ခဲ့ကြတယ်..
လမ်းတွေကိုဘယ်လိုဖောက်မယ်...
ငါ့တို့ထိုင်ရင်းအတူ လမ်းလျှောက်ထွက်ခဲ့ကြတယ်...
တို့မြို့ကလူတွေက အထူးအဆန်းနဲ့ကြည့်သွားကြတယ်...
အခုတော့ ဒီမြို့ကလူတွေက င့ါကိုကြည့်နေကြပြန်တယ်...
နင်ပါလာလေမလားလို့ပေါ့...
ငါက နင်နဲ့စကားပြောနေရင်းလမ်းလျှောက်နေတာကိုး...
ဘာတွေပြောင်းလဲ ပြောင်းလဲ...င့ါရင်ထဲမှာနင်အမြဲတမ်းရှိနေတယ်..
ငါ့ရင်ထဲမှာ အချစ်ဟောင်းတွေပြောင်းလဲမှုနဲ့အတူ
နင့်ကိုချစ်တဲ့ငါ့အချစ်သစ်တွေမွေးဖွားလှုပ်ရှားနေတယ်...

တစ်ခါတစ်လေကျတော့ လောကကြီးဟာမတရားဘူးရည်မွန်ရယ်..
နင့်ကိုငါလွမ်းနေရတယ်....

ငါလွမ်းနေတာကို နင်ကိုပြောပြနေပေမယ့်...
နင်ကြားရဲ့လားငါမသိတတ်နိုင်ဘူး...
နင်လွမ်းနေမှာကို ငါမကြည့်ရက်နိုင်ပေမယ့်....
ငါကတော့နင့်ကိုလွမ်းနေတယ်..
ကိုယ့်လမ်းကိုယ်လျှောက်ကြပေမယ့်...
ခရီးဆုံးရောက်ဖို့...လိုသေးတယ်...

Myanmar Kingship in Theory (6)

Posted by Htet Yee Thitsar | Posted in | Posted on 2:18 AM

0



Myanmar chronicles gave guidelines to the king, by pointing out the mistakes made by the earlier kings. King Narathihapate’s (Tarokpyay Min) Chief Queen Saw also admonished the king by pointing out his mistakes in riddles.

Bore not thy country’s belly
Abuse not thy country’s forehead
Fell not thy country’s banners
Pluck not thy country’s eyes
Break not thy country’s tusk
Sully not thy country’s face
Cut not thy country’s feet and hands

In this riddle, belly means the rich people who represents the wealth of the country, forehead means the able officers in the king’s service, the banner means pious man of the kingdom, eyes mean the wise men who could advise the king, tusk means princes of the royal family, face means unmarried daughters of the land, feet and hand means soldiers who guard the land from all dangers.

A king who committed these mistakes would meet defeat and death. In the words of Queen Saw the chronicles stated that “Not even the Universal monarch, King sovereign ruler of four great island and two thousand lesser islands surrounding them is not free from rise and fall, separations and death. Thus the kings were warned that nobody could escape the law of impermanence, decay and death, according to the teaching of Buddha.

လေးစားမှုဖြင့် . . . . ,
Htet Yee Thitsar

Myanmar Kingship in Theory (5)

Posted by Htet Yee Thitsar | Posted in | Posted on 2:20 AM

1



Time honored conventions of the country had laid down a pattern of good behavior for kings. A good king was expected to observe unfailingly the ten kingly virtues. They

are-
1. Alms giving
2. Observing five precepts
3. To give aid to poor and needy
4. To be straightforward
5. To be soft-hearted
6. To restrain anger
7. Not to treat the subjects cruelly
8. To be kind
9. To be forgiving
10. Not to oppose people’s will
Apart from the king must possess eight virtues (Razagon) which are to act like
1. The sun
2. The moon
3. Yama Min
4. Thagyamin King of the Nats
5. The Ocean
6. The Rain
7. The Earth
8. The Wind
1. To act like the Sun means to collect the tax gradually, as the Sun’s rays rise slowly.
2. To act as Moon means to give collness and light to the people.
3. To act as Yama Min means to give decisions regardless of anybody depending only on his good and bad points.
4. To act as Ocean means to receive only what is due and not to demand from people.
5. To act as Thagyamin means to look after the good people and to protect them.
6. To act as Rain means to give equal rewards to the people for their services as shower of rains fell equally on everybody.
7. To act as Earth means that the king must be as firm and slid as the earth so everybody could depend on the king.
8. To act like the wind means that the wind can traverse every nook and corner, the king must be able to collect information about everyone-including highest officials to common folks.

လေးစားမှုဖြင့် . . . . ,
Htet Yee Thitsar