နင်နဲ့ငါ ဝေးသွားပြီထင်ရတဲ့ခြေလှမ်းတွေကိုလှမ်းခဲ့ကြပေမယ့်
ခရီးရဲ့အဆုံးမှာ ငါသာ ချစ်ခြင်းတွေနဲ့ကြိုတင်ရောက်နှင့်နေခဲ့ပေါ့.....
စိတ်ရောကိုယ်ပါ နှစ်ပြီးခြေလှမ်းတွေလှမ်းခဲ့ပေမယ့်
နင်ငါ့ကို စိတ်ချလက်ချသွားနိုင်ခဲ့ပေမယ့်...
ငါကတော့နင့်ကိုစိတ်မချသေးဘူးညီမလေးရယ်..
ဒီခရီးဒီလမ်းငါတို့လည်းတစ်နေ့သွားရမှာမှန်ပေမယ့်...
နင့်ကို ငါတို့ စိတ်မချခဲ့ပါဘူး....
ဒီလိုနဲ့ပဲငါ မသွားဖြစ်ဘဲဝယ်ခဲ့တဲ့လတ်မှတ်တွေ...
မအိပ်ဘဲနဲ့မက်ခဲ့တဲ့အိပ်မက်တွေ...
မဆိုဘဲနဲ့သီဖြစ်ခဲ့တဲ့တေးသံတွေ...
ငါ့ရင်မှာများသထက်များလာတယ်..
ရင်ခတ်ပန်းတွေပွင့်တဲ့ရာသီမှာ
ငါ့ရင်ကိုအလွမ်းတွေထုတ်ချင်းခတ်သွားတယ်...
ငါသေချာမသိသေးပေမယ့်
အမုန်းလား...
မသေချာပြန်ပါဘူး....
ဒါပေမယ့်...သေချာတာတစ်ခုကတော့
ငါ့ရင်မှာ ဖွဲ့တည်ဆဲ....
လိုင်ရာရဲ့သီချင်းနဲ့ကတဲ့ဂျူနို
အဖရိုဒိုက်ရဲ့လက်ထဲကနှင်းဆီတစ်ပွင့်နဲ့
ကိုယ်တော်မြတ်ဝိုင်အရည်တစ်ခွက်...
နင့်ကိုလွမ်းတဲ့အချိန်တွေတစ်ရက်ကို တစ်ချက်နဲ့မှတ်ထားတဲ့
မှတ်တမ်းတစ်ထပ်နဲ့ငါပေါ့...
ငါ့ရင်ထဲက ကောင်းကင်မှာကြယ်စင်တွေနေ့တိုင်းကြွေတယ်...
Subscribe to:
Post Comments (Atom)

hello my friend! warm greeting ^^!
your blog looks nice 0_0
by the way,
if you need to find unique fonts, you can go to our website.
best regards;
hi, excuse me....
do you like web design?