ရည်ဦးသူသို့
Posted by Htet Yee Thitsar | Posted in ကဗျာ | Posted on 5:04 PM
2
ကြယ်တွေကြွေရင်လေ
နင်နဲ့ငါပြောခဲ့ဖူးတဲ့စကားတွေကို ငါအမှတ်ယတယ်...
ခရေပန်းတွေသဲသဲလှုပ်အောင်ပွင့်တဲ့ကာလပေါ့
ကျောင်းဘေးက အုတ်ခုံလေးပေါ်မှာထိုင်ရင်း..နင်နဲ့ငါစကားပြောဖြစ်ခဲ့ကြတယ်...
ကျောင်းတွေကိုဘယ်လိုဖွင့်မယ်...
ငါတို့ထိုင်ရင်းအတူ အိပ်မက်တွေမက်ခဲ့ကြတယ်..
လမ်းတွေကိုဘယ်လိုဖောက်မယ်...
ငါ့တို့ထိုင်ရင်းအတူ လမ်းလျှောက်ထွက်ခဲ့ကြတယ်...
တို့မြို့ကလူတွေက အထူးအဆန်းနဲ့ကြည့်သွားကြတယ်...
အခုတော့ ဒီမြို့ကလူတွေက င့ါကိုကြည့်နေကြပြန်တယ်...
နင်ပါလာလေမလားလို့ပေါ့...
ငါက နင်နဲ့စကားပြောနေရင်းလမ်းလျှောက်နေတာကိုး...
ဘာတွေပြောင်းလဲ ပြောင်းလဲ...င့ါရင်ထဲမှာနင်အမြဲတမ်းရှိနေတယ်..
ငါ့ရင်ထဲမှာ အချစ်ဟောင်းတွေပြောင်းလဲမှုနဲ့အတူ
နင့်ကိုချစ်တဲ့ငါ့အချစ်သစ်တွေမွေးဖွားလှုပ်ရှားနေတယ်...
တစ်ခါတစ်လေကျတော့ လောကကြီးဟာမတရားဘူးရည်မွန်ရယ်..
နင့်ကိုငါလွမ်းနေရတယ်....
ငါလွမ်းနေတာကို နင်ကိုပြောပြနေပေမယ့်...
နင်ကြားရဲ့လားငါမသိတတ်နိုင်ဘူး...
နင်လွမ်းနေမှာကို ငါမကြည့်ရက်နိုင်ပေမယ့်....
ငါကတော့နင့်ကိုလွမ်းနေတယ်..
ကိုယ့်လမ်းကိုယ်လျှောက်ကြပေမယ့်...
ခရီးဆုံးရောက်ဖို့...လိုသေးတယ်...

ကြယ်တွေကြွေရင်လေ
နင်နဲ့ငါပြောခဲ့ဖူးတဲ့စကားတွေကို ငါအမှတ်ယတယ်...
ခရေပန်းတွေသဲသဲလှုပ်အောင်ပွင့်တဲ့ကာလပေါ့
ကျောင်းဘေးက အုတ်ခုံလေးပေါ်မှာထိုင်ရင်း..နင်နဲ့ငါစကားပြောဖြစ်ခဲ့ကြတယ်...
ကျောင်းတွေကိုဘယ်လိုဖွင့်မယ်...
ငါတို့ထိုင်ရင်းအတူ အိပ်မက်တွေမက်ခဲ့ကြတယ်..
လမ်းတွေကိုဘယ်လိုဖောက်မယ်...
ရည်မွန်နဲ့ မက်ခဲ့တဲ့အိပ်မက်တွေ အကောင်အထည်ဆက်ဖေါ်ပါ ကိုထက်ရေ
အော် လွမ်းတဲ့ကဗျာကိုးးးးးးးး